လတ်တလော ငလျင်ဘေးဒဏ်ကြောင့် Admin တချို့ အိမ်ပျက်စီးခဲ့ရတာကြောင့်ရယ် ဆက်သွယ်ရေး အခက်အခဲတွေကြောင့် Page ပေါ်မှာ မေးမြန်းသူတွေကို အချိန်မီ ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိခဲ့တာအတွက် တောင်းပန်ပါတယ်။
BLUE OCEAN X TEAM မှ သားများအနေနဲ့ ငလျင်ဒဏ်ခံနေရတဲ့ မန္တလေးမြို့အတွက် တတ်နိုင်သလောက် ငွေ ၁၀ သိန်းကျပ် ပါဝင်လှူဒါန်းခဲ့ပါတယ်။ မြန်မာပြည်မှာ ငလျင်လှုပ်တာကြောင့် အရမ်းစိတ်မကောင်းဖြစ်ရပြီး၊ ထိခိုက်ခံစားရသူအားလုံးကို စိတ်ထဲကနေ အားပေးထောက်ပံ့မှုတွေ ပို့လိုက်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အားလုံး စည်းလုံးညီညွတ်ပြီး တစ်ယောက်ကိုတစ်ယောက် ကူညီထောက်ပံ့ကြပါစေလို့ ဆုတောင်းပါတယ်။
မကြာခင် အားကစားပို့စ်တွေကိုလည်း ပြန်လည်တင်ပေးသွားပါမယ်။ ဒါပေမယ့် လောလောဆယ် မီးမရသေးတာကြောင့် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးတာကို နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
မြန်မာပြည်သူပြည်သားအားလုံး ဘေးကင်းလွတ်မြောက်ပြီး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာနဲ့ ပြည့်စုံကြပါစေလို့ Blue Ocean X Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။